Myanmar Private Equity and Venture Capital Association

Home Principles for Responsible Investment

တာ၀န်ယူမှု၊ တာ၀န်ခံမှုရှိသော ရင်းနှီးမြှုပ်နှံခြင်း မူ၀ါဒ

တာ၀န်ယူမှု၊ တာ၀န်ခံမှုရှိသော ရင်းနှီးမြှုပ်နှံခြင်း မူ၀ါဒ ဆိုသည်မှာ အဘယ်နည်း။ 

ဤ တာ၀န်ယူမှု၊ တာ၀န်ခံမှုရှိသော ရင်းနှီးမြှုပ်နှံခြင်း မူ၀ါဒ (၆)ရပ်ဆိုသည်မှာ ရင်းနှီးမြှုပ်နှံရာတွင် သဘာ၀ပတ်၀န်းကျင်၊ လူမှုရေးနှင့် အုပ်ချုပ်ရေး ဆိုင်ရာ အကြောင်းအရာများ ကိုထည့်သွင်းစဥ်းစားကာ လိုက်တွေ့လိုက်နာကျင့်သုံးနိုင်ရန် ဖြစ်နိုင်သည့် လုပ်ဆောင်ချက်များကို ထည့်သွင်းထားသော မိမိသဘောဆန္ဒအလျောက် ပြင်ဆင်ထားသည့် ရင်းနှီးမြှုပ်နှံမှု မူ၀ါဒများဖြစ်သည်။
ဤမူ၀ါဒများကို ရင်းနှီးမြှုပ်နှံသူများအတွက်ရည်ရွယ်ပြီး ရင်းနှီးမြှုပ်နှံသူများကိုယ်တိုင် ပြင်ဆင်‌ရေးဆွဲ ထားခြင်းဖြစ်သည်။  ယင်းမူ၀ါဒများကို  လက်ခံကျင့်သုံးခြင်းအားဖြင့် ပါ၀င်လက်မှတ်ရေးထိုးသူများသည် စဥ်ဆက်မပြတ်ပိုမိုဖွံ့ဖြိုး တိုးတက်သော ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးစနစ်ဖြစ်ထွန်းလာစေရန် အထောက်အကူပြုသည်။  
လက်မှတ်ရေးထိုးသူများ၏ ကတိက၀တ်
ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းများအနေဖြင့် မိမိတို့မှတစ်ဆင့် အကျိုးခံစားခွင့်ရှိသူများ၏ အကျိုးစီးပွား ရေရှည်တွင်အကောင်းဆုံး ဖြစ်ထွန်းစေရန် ဆောင်ရွက်ရမည့် တာ၀န်ရှိသည်။ ယခုကဲ့သို့တာ၀န်ယူမှုရှိပြီးယုံကြည်မှုအလေးပြုထားသူများ အနေဖြင့် သဘာ၀ပတ်၀န်းကျင်၊ လူမှုရေးနှင့် ကော်ပိုရိတ်အုပ်ချုပ်မှုဆိုင်ရာ အကြောင်းအရင်းများသည် ငွေကြေးထည့်၀င် ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းများ၏စွမ်းဆောင်ရည်အပေါ်သို့ အကျိုးသက်ရောက်များရှိနိုင်သည်။ (လုပ်ငန်း၊ ကဏ္ဍ၊ ‌‌‌ဒေသ၊ ပိုင်ဆိုင်မှု အတိုင်းအတာ၊ အချိန် ပေါ်မူတည်၍)
ကျွန်ုပ်တို့ သိရှိထားသည်မှာ ယင်းမူ၀ါဒများကို လက်ခံကျင့်သုံးခြင်းအားဖြင့်လည်း ရင်းနှီးမြှုပ်နှံသူများအတွက် မိမိပတ်၀န်းကျင်အတွက် ပိုမိုကျယ်ပြန့်သောဦးတည်ချက်များထားရှိနိုင်စေရန် အထာက်အပံ့ဖြစ်စေနိုင်သည်။ သို့ပါ၍ ကျွန်ုပ်တို့ တာ၀န်ယူလျက်ရှိသောလုပ်ငန်းနှင့်ကိုက်ညီသည့်အလျောက် အောက်ပါ အချက်တို့ကို လိုက်နာမည်ဖြစ်သည်။

မူ၀ါဒ (၁)

ကျွန်ုပ်တို့သည် သဘာ၀ပတ်၀န်းကျင်၊ လူမှုရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ အကြောင်းအရာများကို ရင်းနှီးမြှုပ်နှံမှုအတွက်လိုအပ်သော စိစစ်လေ့လာခြင်း၊ ဆုံးဖြတ်ချက်ချခြင်းဆိုင်ရာ လုပ်ငန်းစဥ်များတွင် ထည့်သွင်း အသုံးပြုသွားမည်။

မူ၀ါဒ (၂)

ကျွန်ုပ်တို့သည် သဘာ၀ပတ်၀န်းကျင်၊ လူမှုရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ အကြောင်းအရာများကို ကျွန်ုပ်တို့၏ ပိုင်ဆိုင်မှုဆိုင်ရာစနစ်များ နှင့် လက်တွေ့အသုံးချမှုများတွင် တက်ကြွစွာ ထည့်သွင်းအသုံးပြုသွားမည်ဖြစ်သည်။

မူ၀ါဒ (၃)

ကျွန်ုပ်တို့သည် မိမိတို့ရင်းနှီးမြှုပ်နှံထားသော လုပ်ငန်းများနှင့် သက်ဆိုင်သည့် သဘာ၀ပတ်၀န်းကျင်၊ လူမှုရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ အကြာင်းအရာများအတွက် သင့်လျော်သော ပွင့်လင်းမြင်သာစွာဖေါ်ပြရန်လိုအပ်သည်များကို လုပ်ဆောင်သွားမည် ဖြစ်သည်။

မူ၀ါဒ (၄)

ကျွန်ုပ်တို့သည် ယင်းမူ၀ါဒများ ကိုလက်ခံခြင်းနှင့် အကောင်အထည်ဖေါ်ဆောင်ရွက်ခြင်းများပိုမို ကျယ်ပြန့်လာစေရန် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ အတွင်းတွန်းအားပေးသွားမည်ဖြစ်သည်။

မူ၀ါဒ (၅)

ကျွန်ုပ်တို့သည် ယင်းမူ၀ါဒများ ပိုမိုထိရောက်စွာအကောင်အထည်ဖေါ်ဆောင်ရွက်နိုင်စေရန် အတွက် အတူတကွလက်တွဲ လုပ်ဆောင်သွားမည်ဖြစ်သည်။

မူ၀ါဒ (၆)

ယင်းမူ၀ါဒများ အကောင်အထည်ဖေါ်ဆောင်ရွက်လုပ်ဆောင်ချက်များနှင့် တိုးတက်မှုများကို မိမိတို့အချင်းအချင်းအကြား တင်ပြသွားမည်ဖြစ်သည်။
အထက်ပါအ‌ကြောင်းအရာကို unpri.org မှ ဘာသာပြန်ဆိုသည်။